Events
“ThaiFEX-Anuga Asia 2024 ကုန်စည်ပြပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ သွားရောက်ခြင်း”
Updated At: 2024-06-02 18:43:46
ACMECS-ROK ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တွင် ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျင်းပသည့် “ThaiFEX-Anuga Asia 2024 ကုန်စည်ပြပွဲနှင့် ဆက်စပ်အစည်းအဝေးများ”သို့ မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သီတာဝင်းဌေးနှင့် အဖွဲ့ဝင် (၁) ဦး၊ မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ လုပ်ငန်းရှင် (၁၀) ဦး၊ စုစုပေါင်း (၁၂)ဦး တက်ရောက်ခဲ့ပါသည်။
ပြပွဲကာလအတွင်း ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာန (DITP) မှ ညွှန်ကြားရေးမှူးဖြစ်သူ Ms. PREEYAKORN SANKHAV ANTJA နှင့် မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသံရုံးမှ သံမှူးကြီး (Minister Counsellor) Mr. Akgavat Thanapr asitpattana နှင့် တာဝန်ရှိသူများအား ပြပွဲဆောက်အဦးရှိ Business Centre တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား စိုက်ပျိုးရေးကဏ္ဍထွက်ကုန်များအတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းများ၊ ထွက်ကုန်အရည်အသွေး တိုးမြင့်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးကိစ္စရပ်များ၊ နည်းပညာရယူရေးဆိုင်ရာလုပ်ငန်းများအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် မြန်မာလုပ်ငန်းရှင်များက ၎င်းတို့၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ထုတ်ကုန်များအကြောင်း ရှင်းလင်းတင်ပြပြီး ထိုင်းနိုင်ငံသို့ ဈေးကွက်ဝင်ရောက်နိုင်စေရန် လိုအပ်ချက်များအပေါ် ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံသံရုံးမှ သံမှူးကြီး Mr. Akgavat Thanaprasitpattana လိုက်ပါလျက် ပြပွဲတွင် လာရောက်ပြသနေသည့် မြန်မာကုမ္ပဏီ၏ ပြခန်းများနှင့် အခြားပြခန်းများသို့ ကြည့်ရှုလေ့လာပြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာန (DITP) မှ ချိတ်ဆက်ပေးထားသည့် ထိုင်းကုမ္ပဏီ (၉) ခုနှင့် ၎င်းတို့၏ ပြခန်းအသီးသီးသို့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆက်လက်ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကောင်းများကို ရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။



More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026